YIN KHONE THAN ( sound of a heart beat )

Only a life lived for other is a life worthwhile. - Albert Einstein

မိမိ၏သန့်စင်သော အသက်သွေးဖြင့် တစ်ပါးသူ၏ အသက်ကို ကယ်တင် စောင့်ရှောက်ရခြင်းဖြစ်သည့်အတွက် အတိုင်းမသိ မွန်မြတ်သော အလှူဒါနတစ်ခု အတူအကွပြုကြရအောင်

Photos

Loading…
  • Add Photos
  • View All

Notes

အဖွဲ့ဝင်များအားလုံးကို ကြိုဆိုပါတယ်

ရင်ခုန်သံသွေးလှူရှင်အသင်းမှ ဝင်ရောက်လေ့လာကြသူများနှင့် အဖွဲ့ဝင်အားလုံးကို ကြိုဆိုပါတယ်။

Created by Yin Khone Than Aug 20, 2009 at 6:41pm. Last updated by Yin Khone Than Oct 8, 2009.

ှSpecial Thanks


ရင်ခုန်သံသွေးလှူရှင်အသင်း၏
(၁၂) ကြိမ်မြောက်မှ စတင်ပြီး ...


စုပေါင်းသွေးလှူဒါန်းပွဲများ စဉ်ဆက်မပြတ် ရေရှည်ရပ်တည် လုပ်ဆောင်နိုင်အောင် အစစအရာရာ ကူညီပံ့ပိုးပေးကြသည့် City Mart (Super Market) ၊ RevitalInforithm-Maze နှင့် Myanmar Info-Tech တို့ကို ရင်ခုန်သံသွေးလှူရှင်အသင်းမှ ကျေးဇူးဥပကာတင်ရှိကာ မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။


[ ရင်ခုန်သံသွေးလှူရှင်အသင်း ]

ဆက်သွယ်ရန်

ရင်ခုန်သံသွေးလှူရှင်အသင်းနှင့် ပတ်သက်ပြီး သိလိုသမျှ စုံစမ်းမေးမြန်းနိုင်ရန်

လပြည့်ဝန်းပလာဇာ (၁၀လွှာ)
အလံပြဘုရားလမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း (၀၁) ၇၂၁ ၅၇၈ ၊ ၂၄၃ ၅၄၂

မငြိမ်းငြိမ်းအေး ၊ မကေသွယ်နှင်း ၊ ကိုအောင်အောင်
...................................................

မြန်မာအင်ဖိုတက်ခ်
အဆောင်(၁)၊ အခန်း(၇)၊ မြန်မာအင်ဖိုတက်ခ်၊
လှိုင်တက္ကသိုလ်များနယ်မြေ၊ ရန်ကုန်မြို့။
ဖုန်း (၀၁) ၆၅၂ ၂၈၅ ၊ ၆၅၂ ၂၈

မစုစုဝေ

Members

  • Zan paing phyo
  • kaung kin cho
  • Myint lay
  • Soe Lwin Htun
  • Nyan Lynn
  • zaw min oo
  • thixpin
  • chanmyae
  • minhtetnaing
  • MoeZ
  • zero-984
  • May Thu
  • Myat San Moe
  • Aung Aung
  • Zofia Claire
  • လမင်း

Birthdays

There are no birthdays today

Badge

Loading…
 

'သင်ကိုယ်တိုင်' ပါဝင်နိုင်သော ကုသိုလ် ..

ရင်ခုန်သံသွေးလှူရှင်အသင်း၏ ဒါနဥပပါရမီ အကြိမ် (၂၀) မြောက် စုပေါင်းသွေးလှူဒါန်းပွဲ ကျင်းပမည်။

ရင်ခုန်သံသွေးလှူရှင်အသင်း၏ ဒါနဥပပါရမီ အကြိမ် (၂၀) မြောက် စုပေါင်းသွေးလှူဒါန်းပွဲ သြဂုတ်လ (၇) ရက် ၊ စနေနေ့ ၊ မြန်မာအင်ဖိုတက်ခ် ၊ လှိုင်တက္ကသိုလ်များနယ်မြေ ၊ လှိုင်မြို့နယ်တွင် ကျင်းပပြုလုပ်မည်ဖြစ်ပါသဖြင့် စေတနာသွေးလှူရှင်များကို ကောင်းမှုကုသိုလ် အတူတကွ ပြုလုပ်ကြရအောင် ခင်မင်ရင်းနှီးစွာ ဖိတ်ကြားအပ်ပါသည်။

Click here

www.myanmarblooddonation.com/yinkhonethan/

..................................................................

လူနာထံ တိုက်ရိုက်သွေးလှူဒါန်းလိုကြသူများသည်

  1. အမည်
  2. သွေးအုပ်စု
  3. ဖုန်းနံပါတ်
  4. အီးမေးလ်
တို့ကို (yinkhonethan.blood@gmail.com)နှင့် ဖုန်း (၀၁ - ၇၂၁ ၅၇၈) သို့ ပေးပို့ခေါ်ဆို စာရင်းသွင်းထားနိုင်ပါတယ်၊ လိုအပ်တဲ့အခါ လှမ်းခေါ်လိုက်ပါမယ်။


'သင်ကိုယ်တိုင်' ပါဝင်နိုင်သော ကုသိုလ် ..

သင့်အနီးဝန်းကျင်မှာ သွေးလိုအပ်ရင် ဆက်သွယ်ပါ။ သွေး မရောင်းပါ။ သွေး လှူတယ်။ ဒီလို သွေးလှူနိုင်အောင် ကူညီပေးနိုင်တာ 'သင်ကိုယ်တိုင်' ပါပဲ။

စုပေါင်းသွေးလှူဒါန်းပွဲများကို နှစ်လတစ်ကြိမ် စဉ်ဆက်မပြတ် ကျင်းပဖြစ်ခဲ့ပါတယ်။ ဒီလို စုပေါင်းသွေးလှူဒါန်းပွဲ ဖြစ်မြောက်အောင်မြင်စွာ ကျင်းပနိုင်အောင် ကူညီပေးနိုင်တာ 'သင်ကိုယ်တိုင်' ပါပဲ။



သင်ကိုယ်တိုင် သွေးလှူဒါန်းဘိသကဲ့သို့ သွေးလှူရှင်တစ်ယောက်ကို (၁၅၀၀ ကျပ်) တစ်ထောင့်ငါးရာကျပ်နှုန်း (နွားနို့ .. ကိတ်မုန့် .. ရေသန့် .. အချိုရည် .. ကြက်ဥ .. သံဓါတ်အားဆေး)နဲ့ အဟာရဒါနပြုနိုင်သလို ..



အမှတ်တရ လက်ဆောင်ပစ္စည်းများ ကျန်းမာရေး အထောက်အကူပြု စာအုပ်စာတမ်းနှင့် ဆေးဝါးများစသည်တို့ကို ကိုယ်တိုင်ကိုယ်ကျ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ပါတယ်။

Events

စံနှုန်းသစ်ဖြင့် သန့်စင်သော သွေးလှူဒါန်းပွဲ မြန်မာအင်ဖိုတက်ခ်တွင် အောင်မြင်စွာ ကျင်းပပြီးစီး။

သြဂုတ် (၁) ရက် ၊ ၂၀၀၉ ရင်ခုန်သံသွေးလှူရှင်အသင်းရဲ့ (၁၄) ကြိမ်မြောက် ဒါနဥပပါရမီ စုပေါင်းသွေးလှူဒါန်းပွဲမြင်ကွင်း (မြန်မာအင်ဖိုတက်ခ်)


ဓါတ်ပုံ ဂျေမောင်မောင် (အမရပူရ) ၊ 7day News Journal မေတ္တာဖြင့် မှတ်တမ်းတင်သည်။

ရင်ခုန်သံသွေးလှူရှင်အသင်းရဲ့ (၁၄) ကြိမ်မြောက် ဒါနဥပပါရမီ စုပေါင်းသွေးလှူဒါန်းပွဲ အောင်မြင်စွာ စံချိန်သစ်တင် လှူဒါန်းနိုင်ခဲ့။

၂၀၀၉ ခုနှစ်၊ သြဂုတ် (၁) ရက် စနေနေ့ နံနက် (၉း၀၀) မှ (၁၂း၀၀) နာရီထိ ရင်ခုန်သံသွေးလှူရှင်အသင်းရဲ့ (၁၄) ကြိမ်မြောက် ဒါနဥပပါရမီ စုပေါင်းသွေးလှူဒါန်းပွဲကို မြန်မာအင်ဖိုတက်ခ် ၊ အခန်း (၂၀၅) ၊ လှိုင်တက္ကသိုလ်နယ်မြေတွင် စေတနာသွေးလှူရှင်ပေါင်း တစ်ရာကျော်ဖြင့် သွေးလှူဒါန်းပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြပါတယ်။

ယခုကျင်းပခဲ့သည့် ၁၄ကြိမ်မြောက် စုပေါင်းသွေးလှူဒါန်းပွဲတွင် ပါဝင်လှူဒါန်းခဲ့ကြသည့် သွေးလှူရှင်များ၏ စံနှုန်းသည် မူလအကြိမ်များ လှူဒါန်းမှုများထက် ၄၀% ကျော် တိုးတက်လာခဲ့ပါတယ်။


သွားလာရ ခက်ခဲသည့်ရာသီနှင့် အရပ်ဒေသဖြစ်သော်ငြားလည်း မေတ္တာစေတနာအပြည့်ဖြင့် အရောက်လှမ်းကာ မိမိ၏သန့်စင်သော အသက်သွေးဖြင့် တစ်ပါးသူ၏ အသက်ကို ကယ်တင်စောင့်ရှောက်ရခြင်းဖြစ်သည့် အတိုင်းမသိ မွန်မြတ်သော အလှူဒါနတစ်ခုကို ရင်ခုန်သံသွေးလှူရှင်အသင်းနှင့် ပူးပေါင်းကာ လာရောက်လှူဒါန်းကြသည့် စေတနာသွေးလှူရှင်များကို လေးစားမိပါတယ်။


သြဂုတ် (၁) ရက် ၊ ၂၀၀၉ ရင်ခုန်သံသွေးလှူရှင်အသင်းရဲ့ (၁၄) ကြိမ်မြောက် ဒါနဥပပါရမီ စုပေါင်းသွေးလှူဒါန်းပွဲမြင်ကွင်း (မြန်မာအင်ဖိုတက်ခ်)


ဓါတ်ပုံ ဂျေမောင်မောင် (အမရပူရ) ၊ 7day News Journal မေတ္တာဖြင့် မှတ်တမ်းတင်သည်။

...........................................................................................................................

ပူးပေါင်းပါဝင် ဆောင်ရွက်ကြခြင်း

ယခုစုပေါင်းသွေးလှူဒါန်းပွဲတွင် စေတနာသွေးလှူရှင်တို့ကို Ferrorvit (သံဓါတ်အားဆေး) အား ကိုယ်တိုင်ကိုယ်ကျ လာရောက်ဝေငှပေးသည့် Mega မိသားစု၊ အားဖြည့်အစားအစာအဖြစ် Calsome (ကွေကာ) ၊ ကျန်းမာရေးနှင့် ဗဟုသုတအလိုငှာ သွေးလှူရှင်တို့အား ဂျာနယ်များ လက်ဆောင်ပေးသည့် Good Health Journal ၊ 7day News Journal ၊ Internet Journal ၊ 7day Sport Journal နှင့် Knowledge Bridge Magazine တိုက်တို့က ပူးပေါင်းပါဝင် ကူညီပေးခဲ့ကြပါတယ်။ ရင်ခုန်သံသွေးလှူရှင်အသင်းအနေဖြင့် သွေးလှူရှင်များကိုယ်စား ကျေးဇူးတင်ပါတယ်။

အသက်သွေးဖြင့် တစ်ပါးသူ၏ အသက်ကို ကယ်တင်စောင့်ရှောက်ရခြင်းဖြစ်သည့် အတိုင်းမသိ မွန်မြတ်သော အလှူဒါနကို ပြုလုပ်ကျင်းပနေသည့် ရင်ခုန်သံသွေးလှူရှင်အသင်းအကြောင်းနှင့် လုပ်ဆောင်ချက်များကို အများပြည်သူ သိရှိအောင် ... လာရောက် ရိုက်ကူးထုတ်လွှင့်ပြသပေးသည့် MRTV-4 ကိုလည်း ကျေးဇူးတင်ရှိပါတယ်။

...........................................................................................................................

ထိုကဲ့သို့ ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်း / ပံ့ပိုးကူညီလိုပါက - ရင်ခုန်သံသွေးလှူရှင်အသင်းသို့ ဆက်သွယ်လှူဒါန်းနိုင်ကြပါကြောင်း အသိပေးနှိုးဆော်အပ်ပါတယ်

 
 
 

Your Message

RSS

Loading… Loading feed

© 2012   Created by Yin Khone Than.   Powered by .

Badges  |  Report an Issue  |  Terms of Service